“ပုသိမ်မြို့မှာ 30MW နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းစတင်”

14 May

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ကို မေလ ၂ ရက်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရပါတယ်။ အဆိုပါစီမံကိန်းမှာ ပုသိမ်စက်မှုစီမံကိန်းနှင့် 30MW Solar Power Generation Project ကို ပူးတွဲအကောင်အထည်ဖော်ခြင်းဖြစ်ပြီး ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် စီမံကိန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ အခုစီမံကိန်းမှ လစဉ် 30MW ဓာတ်အားထုတ်လုပ်နိုင်မည့် အခြေအနေ၊ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက် နိုင်မှု၊ နေရောင်ခြည်စွမ်းအင်ရရှိနိုင်မှုနှင့် အကောင်အထည်ဖော်မည့် အချိန်ကာလများကို ရှင်းလင်းတင်ပြခဲ့ကြ ပါတယ်။ ပုသိမ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ၂၀၂၇ ခုနှစ် မေလ ၂၆ ရက်မှာ အပြီးသတ် ဆောင်ရွက်ရန်လျာထားပြီး ကနဦး 30MW နဲ့ စတင်ထုတ်လုပ်ကာ နောက်ပိုင်းမှာ 90MW အထိ တိုးချဲ့ထုတ်လုပ် သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

14 May

ADVERTISE HERE .