“ဖလမ်းမြို့မှာ အခြေခံပညာစာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်ပြင်ဆင်လျက်ရှိ”
14 May
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်နှင့် ကျေးရွာများရှိ အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရပါတယ်။ အခုလိုဆောင်ရွက်လျက်ရှိရာ ဖလမ်းမြို့နယ်၊ တာရွှန်းကျေးရွာရှိ အ.လ.က ကျောင်းပတ်ဝန်းကျင်နှင့် စာသင်ခန်းများကို စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ ကျေးလက်ဆေးပေးခန်းဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင် ခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် မေလ ၁၁ ရက်ကလည်း ဖလမ်းမြို့ပေါ်ရှိ အ.ထ.က(ဖလမ်း)၊ မေလ ၁၂ ရက်နှင့် မေလ ၁၃ ရက်တို့မှာ အ.မ.က ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကာ ဖလမ်းမြို့ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နဲ့ မေ ၇ ရက်မှစတင်ကာ သက်ဆိုင်ရာဌာနအလိုက်ဆောင်ရွက်လျက်ရှိပါတယ်။ (NVS 004)