“ဥရောပထိပ်သီးလိဂ် ၄ ခုမှာ အမှတ်ပေးချန်ပီယံဆုရယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာတဲ့ ကန်ဆယ်လို”

12 May

ဘာစီလိုနာအသင်းရဲ့ ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လို ဟာ ဥရောပထိပ်သီးလိဂ်(၄)ခုမှာ အမှတ်ပေး ချန်ပီယံ ဆုရယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ကန်ဆယ်လို ဟာ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါချန်ပီယံဆု ရယူနိုင်ခဲ့တာကြောင့် ထူးခြားတဲ့မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ကန်ဆယ်လို ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စီးရီးအေချန်ပီယံဆု၊ မန်စီးတီးအသင်းနဲ့ ပရီးမီးယား လိဂ်ချန်ပီယံဆု၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘွန်ဒစ်လီဂါချန်ပီယံဆု၊ ဘာစီလိုနာအသင်းနဲ့ လာလီဂါချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ကန်ဆယ်လို ဟာ ဘာစီလိုနာအသင်းမှာ ပထမတစ်ကြိမ် အငှားလာရောက်ကစားစဉ်က လာလီဂါချန်ပီယံဆု ရယူနိုင်ခြင်းမရှိပေမဲ့ ဒီရာသီမှာ ရယူနိုင်ခဲ့ပါတယ်။ ကန်ဆယ်လို က ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

12 May

ADVERTISE HERE .