“ကိုမိုအသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့်ရရှိ”

12 May

စီးရီးအေကလပ် ကိုမိုအသင်းဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့် ရရှိခဲ့ကြောင်း သိရပါတယ်။ ကိုမိုအသင်း ဟာ စီးရီးအေပွဲစဉ်အဖြစ် ဗီရိုနာအသင်းကို ၁ ဂိုး ဂိုးမရှိ အနိုင်ရရှိခဲ့တာကြောင့် လာမယ့်ရာသီမှာ အနိမ့်ဆုံးကွန်းဖရန့်လိဂ် ယှဉ်ပြိုင်ခွင့်ရရှိဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။ ကိုမိုအသင်းဟာ စီးရီးအေပွဲစဉ် ၃၆ အပြီးမှာ ရမှတ် ၆၅ မှတ်နဲ့ အဆင့်(၆) နေရာရပ်တည်နေပြီး အဆင့်(၇)နေရာကအသင်းကို ၇ မှတ်ဖြတ်ထားပါတယ်။ အဆင့်(၄)နဲ့ (၅)နေရာက အေစီမီလန်၊ ရိုးမားအသင်းတွေနဲ့ ၂ မှတ်သာကွာဟတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း မျှော်လင့်လို့ ရနေပါတယ်။ ၁၉၀၇ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့အသင်းဖြစ်ပေမယ့် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ဖူးခြင်း မရှိသေးတဲ့ ကိုမိုအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာမှ စီးရီးအေကို တန်းပြန်တက်လာခဲ့တာဖြစ်ပြီး နည်းပြ ဖာဘရီဂတ်စ်ရဲ့ ဦးဆောင်မှုအောက်မှာ နှစ်ရာသီအတွင်း ဥရောပဝင်ခွင့် ရယူနိုင်ခဲ့ပါတယ်။ (NVS 008)

12 May

ADVERTISE HERE .