“ဒါဝင်နူးနက်ဇ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ချဲလ်ဆီးနဲ့ နယူးကာဆယ်”

12 May

ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနဲ့ နယူးကာဆယ်အသင်းတို့ဟာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနဲ့ လမ်းခွဲတော့မယ့် ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။ ဒါဝင်နူးနက်ဇ် ဟာ ၂၀၂၅ နွေရာသီမှာ လီဗာပူးလ်အသင်းကနေ အယ်လ်ဟီလာအသင်းကို ယူရို ၅၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၄ ပွဲကစားကာ ၉ ဂိုး သွင်းယူပေးထားပါတယ်။ အယ်လ်ဟီလာအသင်းက ဘန်ဇီမာ ကို ခေါ်ယူခဲ့ပြီးနောက် ပြည်ပကစားသမားအရေအတွက် ကန့်သတ်ချက်အရ ဒါဝင်နူးနက်ဇ် ကို ဆော်ဒီလိဂ်လူစာရင်းက ထုတ်ပယ်ခဲ့သလို ရာသီကုန်ချိန်မှာ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီမှုရရှိထားပါတယ်။ ဒါကြောင့် ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရရှိနိုင်မယ့် ဒါဝင်နူးနက်ဇ်ကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ နယူးကာဆယ်တို့က စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါဝင်နူးနက်ဇ် ဟာ လီဗာပူးလ်အသင်းမှာ ၃ ရာသီကြာ ယှဉ်ပြိုင်ကစားခဲ့စဉ်က ပြိုင်ပွဲစုံ ၁၄၃ ပွဲကစားကာ ဂိုး ၄၀ သွင်းယူခဲ့ကြောင်း သိရပါတယ်။ (NVS 008)

12 May

ADVERTISE HERE .