“ချဲလ်ဆီးအသင်းနည်းပြသစ် ဖြစ်လာနိုင်သူ ခြောက်ဦးခန့်ရှိ”
12 May
ချဲလ်ဆီးအသင်းရဲ့ အမြဲတမ်းနည်းပြသစ်ဖြစ်လာနိုင်သူ ခြောက်ဦးခန့်ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ စာရင်းအရ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဇာဘီအလွန်ဆို၊ ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာ၊ ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗား၊ ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ ဂလက်စနာ၊ ကိုမိုအသင်း နည်းပြ ဖာဘရီဂတ်စ်၊ ဖလာမင်ဂိုအသင်းနည်းပြဟောင်း ဖိလစ်ပီလူးဝစ်တို့ ပါဝင်နေပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်ဇူလိုင်လ ပထမပတ်မှာ စတင်မည့် ရာသီကြိုစခန်းသွင်းလေ့ကျင့်မှု မတိုင်ခင် အမြဲတမ်းနည်းပြတစ်ဦးခန့်အပ်ရမှာ ဖြစ်တယ်။ နည်းပြဖြစ်လာနိုင်သူတွေထဲမှာ အီရာအိုလာ၊ ဂလက်စနာနဲ့ မာကိုဆေးလ်ဗားအသင်း တို့ကတော့ လက်ရှိကလပ်တွေနဲ့ အခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်တော့မှာ ဖြစ်ပါတယ်။ (NVS 008)
12 May