“INDOFEST 2026 ပြပွဲမှာ ယွန်းထည်လက်မှုပစ္စည်း၊သနပ်ခါးယဉ်ကျေးမှုနှင့်လက်ဖက်သုပ်ကို မိတ်ဆက်”

12 May

ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ရှိ အင်ဒိုနီးရှားကျောင်းသားအသင်းက ဦးဆောင်ကျင်းပတဲ့ INDOFEST 2026 ပြပွဲကို ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်မှာ ကျင်းပခဲ့ရာ ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံး ယာယီတာဝန်ခံ ဦးသန်းထွေး နှင့် သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါပြပွဲရှိ ASEAN Corner မှာ မြန်မာသံရုံးက အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ မလေးရှားသံရုံး၊ အင်ဒိုနီးရှားသံရုံးတို့နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အနုပညာရပ်များကိုပါဝင်ပြသခဲ့ကြောင်း သိရပါတယ်။ မြန်မာ့ရိုးရာယွန်းထည်လက်မှုပစ္စည်းမျိုးစုံကို ခင်းကျင်းပြသခဲ့ပြီး ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ သနပ်ခါးယဉ်ကျေးမှုနှင့် လက်ဖက်သုပ်ကို မိတ်ဆက်ပေးခဲ့တဲ့အပြင် မြန်မာခရီးသွားမြှင့်တင်ရေး လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။ (NVS 004)

12 May

ADVERTISE HERE .