“ရန်ကုန်-မန္တလေး DEMU ရထားခရီးစဉ်သစ် ထပ်တိုးပြေးဆွဲမည်”

12 May

ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်အတွက် DEMU ရထားများကို မေလ ၁၅ ရက်မှစတင်ကာ မနက် ၇ နာရီ ထွက်ခွာမယ့် ခရီးစဉ်အသစ်တစ်စီးထပ်တိုးပြေးဆွဲပေးသွားမှာဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။ လက်ရှိပြေးဆွဲနေတဲ့ အမှတ် (၃)(အဆန်) DEMU ရထားမှာ နံနက် ၆ နာရီတွင် ရန်ကုန်မှ ထွက်ခွာကာ ညနေ ၄ နာရီတွင် မန္တလေးသို့ ရောက်ရှိမည်ဖြစ်ပြီး၊ အသစ်ထပ်တိုးတဲ့ အမှတ် (၅)(အဆန်) DEMU ရထားမှာ နံနက် ၇ နာရီ တွင် ရန်ကုန်မှ ထွက်ခွာကာ ညနေ ၅ နာရီတွင် မန္တလေးသို့ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ အလားတူ မန္တလေးမှ ရန်ကုန်သို့ ပြေးဆွဲမည့် အမှတ်(၄)(အစုန်)DEMUရထားမှာ နံနက် ၆ နာရီတွင် ထွက်ခွာကာ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ပြီး၊ အသစ်ထပ်တိုးတဲ့ အမှတ်(၆)(အစုန်) DEMU ရထားမှာ မန္တလေးမှ နံနက် ၇ နာရီတွင် ထွက်ခွာကာ ညနေ ၅ နာရီ ၁၀ မိနစ်တွင် ရန်ကုန်သို့ ဆိုက်ရောက်မည် ဖြစ်ကြောင်းသိရပါတယ်။ အဆိုပါခရီးစဉ်အသစ်များအတွက် လက်မှတ်များကို ၂၀၂၆ ခုနှစ် မေလ ၇ ရက် ည၁၂ နာရီမှ စတင်၍ ORTP စနစ်မှတဆင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

12 May

ADVERTISE HERE .