“ပုသိမ်မြို့ရှိ ကုန်တင်ကုန်ချလုပ်သားများနှင့် စည်ပင်အခြေခံဝန်ထမ်းများအား အခမဲ့ဆေးကုသပေး”
12 May
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ဧရာဝတီတိုင်းအစိုးရအဖွဲ့၏စီစဉ်မှု ကျန်းမာရေးဝန်ကြီးဌာန၏ကူညီမှု စေတနာရှင်များ၏ ပံ့ပိုးမှုတို့နဲ့ ကုန်တင်ကုန်ချလုပ်သားများနှင့် စည်ပင်အခြေခံဝန်ထမ်းများကို မေလ ၁၀ ရက်က အခမဲ့ဆေးကုသပေးခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ပေးခြင်း၊ သွေးစစ်ပေးခြင်း၊ အရေပြားအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါအထူးကုဆရာဝန်ကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီး၊ အရိုးနှင့် ထိခိုက်ဒဏ်ရာ အထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး၊ သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးနှင့် မျက်စိအထူးကုဆရာဝန်ကြီးများက အခမဲ့ကုသပေးခဲ့ကြ ပါတယ်။ အခုလိုကုသပေးမှုကို ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးအေးကျော် နှင့် တာဝန်ရှိသူများကကြည့်ရှုပြီး ကုသမှုခံယူ နေသူများကို အားပေးစကားပြောကြားကာ အထူးကုဆရာဝန်ကြီးများကို လက်ဆောင်ပစ္စည်းများ၊ ပံ့ပိုးကူညီသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါတယ်။ (NVS 004)