“UFC 328 Main Event ဖြစ်တဲ့ မစ်ဒယ်ဝိတ်တန်းမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ရှောင်စထရစ်လန်း”
11 May
UFC 328 Main Event ပွဲစဉ်ဖြစ်တဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံရှစ်ပွဲမှာ စိန်ခေါ်သူ အမေရိကန်ကစားသမား ရှောင်စထရစ်လန်းက လက်ရှိချန်ပီယံ ခမ်ဇတ်ချီမေ့ဗ် ကိုအမှတ်နဲ့နိုင်ပြီး မစ်ဒယ်ဝိတ်တန်း ချန်ပီယံသစ် ဖြစ်လာခဲ့ပါတယ်။ အဆိုပါ ပွဲမှာ ငါးချီ ပြည့်တဲ့အထိ အဖြေမပေါ်ခဲ့တာကြောင့် အမှတ်နဲ့ ဆုံးဖြတ်ခဲ့ရမှာ ၄၇-၄၈၊ ၄၈-၄၇၊ ၄၈-၄၇ မှတ်နဲ့ ရှောင်စထရစ်လန်း အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ရှောင်စထရစ်လန်းဟာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလက ပထမဆုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ထိုးသတ်တဲ့ ပထမဆုံး ချန်ပီယံကာကွယ်ပွဲနဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ထိုးသတ်တဲ့ ချန်ပီယံစိန်ခေါ်ပွဲတွေမှာ ဒရီကပ်စ်ဒူပလက်ဆစ်ကို နှစ်ပွဲဆက် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
11 May