“မေဂျာလိဂ်သမိုင်းမှာ ဂိုးပါဝင်ပတ်သက်မှုအကြိမ် ၁၀၀ အမြန်ဆုံးပြည့်မြောက်ခဲ့တဲ့ မက်ဆီ”
11 May
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီ ဟာ မေဂျာလိဂ်ပြိုင်ပွဲသမိုင်းမှာ ဂိုးပါဝင်ပတ်သက်မှု(သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု နှစ်ရပ်ပေါင်း) အကြိမ် ၁၀၀ ပြည့်မြောက်တဲ့ အမြန်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မက်ဆီ ဟာ တိုရွန်တိုFC အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်း၊ နှစ်ဂိုးဖန်တီးပြီး ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ ၎င်းအနေနဲ့ အင်တာမိုင်ယာမီအသင်းအတွက် မေဂျာလိဂ် ပုံမှန်ရာသီ ၆၄ ပွဲမှာ ၅၉ ဂိုး သွင်းကာ ၄၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ယခင်က တိုရွန်တိုFCနဲ့ အီတလီကစားသမားဟောင်း ဂျီယိုဗင်ကို တင်ရှိထားတဲ့ ၉၅ ပွဲကို မက်ဆီ က ၃၁ ပွဲအသာနဲ့ ကျော်ဖြတ်ခဲ့တာဖြစ်တယ်။အင်တာမိုင်ယာမီအသင်းအတွက် ဒီပေါလ်ကလည်း တစ်ဂိုးသွင်းပြီး နှစ်ဂိုးဖန်တီးခဲ့ပါတယ်။ (NVS 008)
11 May