“ဖလိုင်းဝိတ်တန်းချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့တာကြောင့် ဒေါ်လာ ၁ သန်းကျော်ရရှိမယ့် ဂျိုရှူအာဗန်”
11 May
UFC ဖလိုင်းဝိတ်တန်းချန်ပီယံခါးပတ်ကို အောင်မြင်စွာကာကွယ်နိုင်ခဲ့တဲ့ ဂျိုရှူအာဗန် အနေနဲ့ အခုနိုင်ပွဲကနေ ဒေါ်လာ တစ်သန်းကျော်အထိ ရရှိနိုင်တယ်လို့ သိရပါတယ်။ အခုပွဲမတိုင်ခင်မှာ သတင်းတချို့မှာတော့ Championship Bonus နဲ့ PPV ရှယ်ယာတွေအပါအဝင် ဒေါ်လာ ၇၀၀,၀၀၀ - ၉၀၀,၀၀၀ အကြားရနိုင်တယ်လို့ ရေးသားခဲ့ပါတယ်။ အခုပွဲဟာ UFC 328 ရဲ့ Fight of the Night အဖြစ် သတ်မှတ်ခံရလို့ ဂျိုရှူအာဗန် ရော တက်ဆူရို ပါ အပိုဆုကြေးဒေါ်လာ တစ်သိန်းစီထပ်မံပိုင်ဆိုင်ခဲ့ပါတယ်။ ဂျိုရှူအာဗန် ရဲ့ ကနဦးရနိုင်ခြေမှာ Champion Payနဲ့ Co-main ရပိုင်ခွင့်တွေနဲ့အတူ ဒေါ်လာ ၂၅၀,၀၀၀ အထက်ရှိခဲ့ပြီး Win Bonus ပါရင်တော့ ပမာဏက ယင်းထက် ပိုများသွားနိုင်ပါတယ်။ ဒါဟာ ပန်တိုဂျာ ရဲ့ ထိုးသတ်တဲ့ပွဲမှာ ဒေါ်လာ ၁၄၅,၀၀၀ သာရှိခဲ့ရာကနေ အခုချန်ပီယံကာကွယ်ပွဲမှာ နှစ်ဆနီးပါး မြင့်တက်လာခဲ့ပါတယ်။ ဂျိုရှူအာဗန် ရဲ့ချန်ပီယံ ကာကွယ်ပွဲက မြန်မာကျပ်ငွေနဲ့တွက်ရင် စုစုပေါင်းကျပ်ငွေ လေးဘီလျံနဲ့ငါးဘီလျံ ဝန်းကျင်လောက် ရှိသွားနိုင်ပါတယ်။ (NVS 008)