“လာလီဂါချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးခဲ့တဲ့ ဘာစီလိုနာအသင်း”
11 May
ဘာစီလိုနာအသင်းဟာ El Clasico ပွဲစဉ်မှာ မဟာပြိုင်ဘက် ရီးရဲလ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီးနောက် လာလီဂါချန်ပီယံဆုကိုနှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ဂိုးတွေကို ရပ်ရှ်ဖို့ဒ် နှင့် ဖာရန်တောရက်စ် တို့က အစောပိုင်းမှာပဲ သွင်းယူပေးခဲ့ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ လာလီဂါရာသီပြီးဆုံးဖို့ လက်ကျန်သုံးပွဲအလိုမှာ ရီးရဲလ်အသင်းကို ၁၂ မှတ်ဖြတ်ကာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းအဖို့ လာလီဂါချန်ပီယံဆုကို သမိုင်းတစ်လျှောက် ၂၉ ကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အအောင်မြင်ဆုံး ရီးရဲလ်အသင်းနောက် ခုနစ်ကြိမ်အကွာကို ရောက်ရှိလာခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာ လာလီဂါ ၁၁ ပွဲဆက် အနိုင်ကစားပြီး အခုရာသီ အိမ်ကွင်း ၁၈ ပွဲစလုံး နိုင်ပွဲရယူခဲ့ပါတယ်။ (NVS 008)
11 May