“လေကြောင်းလိုင်းများနှင့် ခရီးသွားကဏ္ဍဖိုရမ်ကျင်းပ”

11 May

လေကြောင်းလိုင်းများနှင့် ခရီးသွားကဏ္ဍဖိုရမ် (Airlines & Tourism Industry Forum) ကို ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က လေကြောင်းကဏ္ဍနှင့် ခရီးသွားကဏ္ဍသည် အပြန်အလှန်အကျိုးပြုနေသဖြင့် လေကြောင်းလိုင်းများနှင့် ခရီးသွား လုပ်ငန်းနှစ်ရပ်လုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြား ပါတယ်။ အဲဒီနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကားအသီးသီးပြောကြားခဲ့ပါတယ်။ အဲဒီနောက် မြန်မာ့ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် နိုင်ငံတကာလေကြောင်းလိုင်းများ၏ အခန်းကဏ္ဍ၊ ပြည်တွင်းလေကြောင်း၏ ရှေ့လုပ်ငန်းစဉ် ခေါင်းစဉ်များနဲ့ ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရပါတယ်။ (NVS 008)

11 May

ADVERTISE HERE .