“ငွေဆောင်လူရည်ချွန်စခန်း၏ စခန်းသိမ်းပွဲအခမ်းအနား ကျင်းပ”
11 May
လူရည်ချွန်စခန်း(ငွေဆောင်)စခန်းသိမ်းမီးပုံပွဲ အခမ်းအနားကို မေလ ၉ ရက်က ငွေဆောင်မြို့ရှိ ယမုံနာဦးဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌလွှတ်တော်ဒုတိယ ဥက္ကဋ္ဌနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူရည်ချွန်မောင်/မယ်များ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံများ တက်ရောက်ကြပါတယ်။ အဲဒီနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စခန်းသိမ်းပွဲအမှာစကားပြောကြား၍ လူရည်ချွန် မောင်/မယ်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပါတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က မီးညှိ၍ မီးပုံပွဲစတင် ဖွင့်လှစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက လူရည်ချွန်မောင်/မယ်များနှင့်အတူ မီးပုံပွဲ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ အဲဒီနောက် မေလ ၉ ရက် ညနေ ၆ နာရီခွဲမှာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စခန်းပိတ်သိမ်းကြောင်း ကြေညာ၍ အခမ်းအနားရုပ်သိမ်းခဲ့ပါတယ်။ (NVS 008)