“မြန်မာနှင့် ထိုင်းနိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေး”

11 May

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ PTTEP International Limited အမှုဆောင်အရာရှိချုပ်အား မေလ ၈ ရက်က အဆိုပါဝန်ကြီးဌာန ရေနံ့သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။ အခုလိုတွေ့ဆုံစဥ် မြန်မာနှင့်ထိုင်းနိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် မြန်မာ့ကမ်းလွန်လုပ်ကွက်များ၏ ရှာဖွေရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် တွင်းသစ် များ၊ ဖြည့်စွက်တွင်းများတူးဖော်ရာတွင် နည်းပညာဆိုင်ရာ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့မှုတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ အလားတူ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်နေတဲ့ လုပ်ကွက် M3 (အောင်သိင်္ခစီမံကိန်း)၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် မြန်မာ့ရေနက်ကမ်းလွန်စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံ လိုတဲ့ ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ (NVS 008)

11 May

ADVERTISE HERE .