“Seoul Friendship Festival 2026 မှာမြန်မာရိုးရာယဉ်ကျေးမှုအနုပညာလက်ရာများ ခင်းကျင်းပြသ”
11 May
ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်အစိုးရ၏စီစဉ်မှုနဲ့ Seoul Friendship Festival 2026 ကို မေလ ၉ ရက်က ကျင်းပရာ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးတက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာသံရုံးမှ Embassy Zone မှာ မြန်မာ့ရိုးရာယဥ်ကျေးမှုအနုပညာလက်ရာများ၊ မြန်မာရိုးရာ ယဉ်ကျေးမှုပစ္စည်းများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို ခင်းကျင်းပြသရောင်းချပေးခဲ့ပါတယ်။ အဆိုပါ Seoul Friendship Festival 2026 ကို ဆိုးလ်မြို့ရှိ Dongdaemun Design Plaza (DDP)မှာ နိုင်ငံပေါင်း ၇၂ နိုင်ငံမှ ပါဝင်ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ယခုနှစ်က နှစ် ၃၀ ပြည့်ကာလနှင့်တိုက်ဆိုင်သဖြင့် “30 Years with the World, Bridging Culture Together” ခေါင်းစဉ်နဲ့ ၂ ရက်ကြာကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် Seoul Friendship Festival 2026 က ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ နှစ်စဉ်ကျင်းလျက်ရှိသော နိုင်ငံတကာယဉ်ကျေးမှုဆိုင်ရာပွဲတော်များ အနက်အကြီးမားဆုံးယဉ်ကျေးမှုဖလှယ်ခြင်းအစီအစဉ်တစ်ခုဖြစ်ပါတယ်။ (NVS 008)