“ရီးရဲလ်မက်ဒရစ်အသင်းတွင် ကစားသမားများအကြား အချင်းများမှုများရှိနေ”

08 May

ရီးရဲလ်မက်ဒရစ်အသင်းတွင် အသင်းမှကစားသမားများအကြား အချင်းများမှုများရှိနေတယ်လို့ သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း လေ့ကျင့်ရေးကွင်း၌ အသင်းကွင်းလယ်ကစားသမားများဖြစ်သည့် ဗယ်ဗာဒီနှင့် ချူအာမန်ဒီ တို့ အချင်းများမှုဖြစ်ပွားခဲ့သလို ခံစစ်ကစားသမားများဖြစ်သည့် အယ်ဗာရက်နှင့် ရူဒီဂါ တို့ကလည်း ကိုယ်ထိလက်ရောက်ကျူးလွန်သည်အထိ အချင်းများမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ အလားတူ တိုက်စစ်ကစားသမားများဖြစ်သည့် ဗင်နီစီးယက်စ်နှင့် အမ်ဘတ်ပီ တို့အကြားတွင်လည်း တင်းမာ မှုများရှိနေသကဲ့သို့ နည်းပြ အာဘီလိုအာနှင့် အသင်းမှကစားသမားများအကြားတွင်လည်း ဆက်ဆံရေးတင်းမာမှုများ ပိုမိုမြင့်တက်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက လာမည့်ရက်သတ္တပတ်တွင် ဘာစီလိုနာအသင်းနှင့် ကစားရမည်ဖြစ်ပြီး သရေ ရလဒ်ရရှိလျှင်ပင် ရာသီုမကုန်ဆုံးမီ လာလီဂါချန်ပီယံဆုကို လက်လွှတ်ရမည်ဖြစ်ကာ ဆုဖလားလက်မဲ့ရာသီ ဖြစ်လာဖွယ်ရှိကြောင်း သိရပါတယ်။(NVS 008)

08 May

ADVERTISE HERE .