“ဟွိုင်လန်း အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၈ သန်းနဲ့ သဘောတူညီမှုရရှိခဲ့တဲ့ နာပိုလီအသင်း”
08 May
နာပိုလီအသင်းက အငှားစာချုပ်နဲ့ ရောက်ရှိနေတဲ့ မန်ယူအသင်းတိုက်စစ်မှူး ဟွိုင်လန်း ကို အပြီးသတ် ခေါ်ယူရန် ပြောင်းရွှေ့ကြေး ၃၈ သန်း နဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ မန်ယူအသင်းက ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့ ဟွိုင်လန်း ကို ပြီးခဲ့တဲ့နွေရာသီမှာ နာပိုလီအသင်းကို တစ်ရာသီ အငှားစာချုပ်နဲ့ အငှားချခဲ့တာဖြစ်ပါတယ်။ လက်ရှိရာသီမှာ ဟွိုင်လန်း က နာပိုလီအသင်းမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်နေခဲ့တာဖြစ်ပါတယ်။ ဟွိုင်လန်း က နာပိုလီအသင်းနဲ့အတူ ပြိုင်ပွဲစုံ ၄၁ ပွဲမှာ သွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု လေးကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် နာပိုလီအသင်းက ဟွိုင်လန်း ကို အပြီးသတ်ခေါ်ယူဖို့ စီစဉ်လာခဲ့ပြီး မန်ယူအသင်းနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ရာ စတာလင်ပေါင် ၃၈ သန်း နဲ့ သဘောတူညီမှုရရှိခဲ့တာ ဖြစ်ပါတယ်။(NVS 008)
08 May