“ကမ္ဘာ့ဖလားကို ကျင်းပမယ့်သူက ထရန့် မဟုတ်သလို အမေရိကန်လည်းမဟုတ်ကြောင်း အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဝေဖန်”

08 May

အီရန်ဘောလုံးအဖွဲ့ချုပ်(FFIRI)ဥက္ကဋ္ဌ မာဒီတာ့ဂျ် က ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပမယ့်သူက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် မဟုတ်သလို အမေရိကန်နိုင်ငံလည်းမဟုတ်ဘဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) သာဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။ မာဒီတာ့ဂျ် အပါအဝင် တခြားတာဝန်ရှိသူနှစ်ဦးဟာ ပြီးခဲ့တဲ့တစ်ပတ်က ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာ ကျင်းပတဲ့ ဖီဖာကွန်ဂရက်ကို တက်ရောက်ဖို့အတွက် တိုရွန်တိုမြို့ရှိလေဆိပ်ကို ရောက်ရှိလာပြီးမှ ဗီဇာငြင်းပယ် ခံရတာကြောင့် ပြန်လာခဲ့ရပါတယ်။ ဒါကြောင့် မာဒီတာ့ဂျ် က အမေရိကန်ကို သွားရောက်ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလား ခရီးစဉ်အတွက် အာမခံချက်ရှိရန်လိုကြောင်း ပြောကြားစဉ် အခုလိုထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။(NVS 008)

08 May

ADVERTISE HERE .