“သုံးနှစ်ဆက် ဥရောပအဆင့်ဗိုလ်လုပွဲသို့ ကလပ်အသင်း ၃ သင်းနဲ့အတူ တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဆန်ချို”
08 May
အက်စတွန်ဗီလာအသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ဆန်ချို ဟာ ကလပ် ၃ သင်းနဲ့အတူ သုံးနှစ်ဆက် ဥရောပအဆင့်ဗိုလ်လုပွဲ တက်ရောက်နိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆန်ချို ဟာ မန်ယူအသင်းကနေ အငှားချခံခဲ့ရတဲ့ ၃ ရာသီအတွင်း မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆန်ချို က ဒေါ့မွန်အသင်းမှာ အငှားကစားခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရောက်ရှိခဲ့သလို၊ ပြီးခဲ့တဲ့ ရာသီကလည်း ချဲလ်ဆီးအသင်းနဲ့အတူ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲကို ရောက်ရှိခဲ့ပြီး ဒီရာသီမှာ အက်စတွန်ဗီလာအသင်း နဲ့အတူ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ရောက်ရှိခဲ့ပါတယ်။ ဆန်ချို က ချန်ပီယံလိဂ်ဖလား မရခဲ့ပေမယ့် ကွန်းဖရန့်လိဂ်ဖလား ရယူနိုင်ခဲ့ပြီး အက်စတွန်ဗီလာနဲ့ ယူရိုပါလိဂ် ဖလားရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လာမယ့်နွေရာသီမှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပေမယ့် ဆန်ချို ဟာ အသင်းဟောင်း ဒေါ့မွန်အသင်းနဲ့ ပြန်လည်လက်တွဲဖွယ်ရှိနေပါတယ်။(NVS 008)