“ယူရိုပါလိဂ်ဗိုလ်လုပွဲကို မတူညီတဲ့ အသင်း ၄ သင်းနဲ့အတူ ၆ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တဲ့ အူနိုင်းအမ်မရီ”

08 May

အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီ ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲကို မတူညီတဲ့ ကလပ်အသင်း ၄ သင်းနဲ့အတူ (၆)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တဲ့နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ စပိန်လူမျိုးနည်းပြ အူနိုင်းအမ်မရီ က ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ၄ ကြိမ်ရရှိထားတဲ့ အအောင်မြင်ဆုံး နည်းပြဖြစ်ပြီး ယူရိုပါလိဂ်ဘုရင်အဖြစ် တင်စားခံထားရသူဖြစ်ပါတယ်။ အူနိုင်းအမ်မရီ က ဆီဗီလာ၊ အာဆင်နယ်၊ ဗီလာရီးရဲလ်နှင့် လက်ရှိမှာ အက်စတွန်ဗီလာအသင်းနဲ့အတူ ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆီဗီလာအသင်းနဲ့ ရောက်ရှိခဲ့တဲ့ (၃)ကြိမ်လုံးတွင် ချန်ပီယံဆုရယူနိုင်ခဲ့သလို၊ ဗီလာရီးရဲလ်နဲ့ ရောက်ရှိခဲ့တဲ့ တစ်ကြိမ်မှာလည်း ချန်ပီယံဆုရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းနဲ့ ရောက်ရှိခဲ့တဲ့တစ်ကြိမ်မှာတော့ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အူနိုင်းအမ်မရီ ဟာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံး(၁၃)ရာသီအတွင်းမှာ ဗိုလ်လုပွဲကို (၆)ကြိမ်တက်ရောက် နိုင်ခြင်းဖြစ်တာကြောင့် အံ့အားသင့်စရာကောင်းတဲ့ စွမ်းဆောင်ရည်မှတ်တမ်းဖြစ်ကြောင်း ချီးကျူးမှုတွေလည်း ရှိနေပါတယ်။(NVS 008)

08 May

ADVERTISE HERE .