“လူးဝစ်မိုင်လီ ခြေထောက်ကျိုးဒဏ်ရာကြောင့် ယခုနှစ်ဘောလုံးရာသီကုန်အထိ အနားယူရမည်”

08 May

နယူးကာဆယ်အသင်း ကွင်းလယ်ကစားသမား လူးဝစ်မိုင်လီ က ခြေထောက်ကျိုးသွားခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီကုန်အထိ အနားယူရမှာ ဖြစ်ပါတယ်။ အဆိုပါ ကွင်းလယ်ကစားသမား လူးဝစ်မိုင်လီ က နယူးကာဆယ်အသင်း လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ကစားရင်း ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား လူးဝစ်မိုင်လီ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် နယူးကာဆယ်အသင်း အတွက်လည်း ထိုးနှက်ချက်တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ အသက် ၂ဝ နှစ်အရွယ်ရှိ လူးဝစ်မိုင်လီ က နယူးကာဆယ် အသင်းနှင့်အတူ ပြိုင်ပွဲစုံ ပွဲ ၈ဝ ကစားကာ ခြောက်ဂိုးသွင်းယူပြီး ခြေစွမ်းပြ ထားပါတယ်။ (NVS 008)

08 May

ADVERTISE HERE .