“2026 Jiangxi Open ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့တဲ့ တရုတ်တင်းနစ်မယ် ယိုစင်စင်”
08 May
တရုတ်နိုင်ငံမှာ ကျင်းပလျက်ရှိသော အမျိုးသမီးတင်းနစ် ပြိုင်ပွဲဖြစ်တဲ့ 2026 Jiangxi Open တင်းနစ်ပြိုင်ပွဲ ကွာတား ဖိုင်နယ်အဆင့်သို့ အိမ်ရှင် တရုတ်တင်းနစ်မယ် ယိုစင်စင် တက်ရောက်ခဲ့ပါတယ်။ တရုတ်တင်းနစ်မယ် Yao Xinxin က 2026 Jiangxi Open တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်တွင် ဂျပန်တင်းနစ် မယ် ဟာရုကာ ကာဂျီ ကို ၆-၄၊ ၆-၃ နဲ့ အနိုင်ရရှိကာ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ 2026 Jiangxi Open တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ အိမ်ရှင်တရုတ်တင်းနစ်မယ် ယိုစင်စင် နှင့် ထိုင်းတင်းနစ်မယ် လန်လာနာ တာရာရုဒီ တို့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ (NVS 008)
08 May