“ဥရောပပြိုင်ပွဲ ၃ ခုလုံးရဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ အင်္ဂလန်အသင်းများ”
08 May
လက်ရှိရာသီမှာ ဥရောပပြိုင်ပွဲ ၃ ခုစလုံးရဲ့ ဗိုလ်လုပွဲကို အင်္ဂလန်အသင်းတွေ တက်ရောက်နိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်၊ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အက်စတွန်ဗီလာ၊ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်တို့ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ကွန်းဖရန့်လိဂ်ပြိုင်ပွဲကို ၂၀၂၁-၂၂ ရာသီမှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး အခုပြိုင်ပွဲကျင်းပချိန်ကစတွက်ရင် ဥရောပပြိုင်ပွဲ(၃)ခုလုံးရဲ့ ဗိုလ်လုပွဲကို အင်္ဂလန်အသင်း တွေ တက်ရောက်နိုင်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်က ပြင်သစ်ကလပ် PSG၊ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အက်စတွန်ဗီလာက ဂျာမန်ကလပ် ဖရိုင်းဘတ်၊ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်က စပိန်ကလပ် ဗယ်လက်ကာနိုနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ (NVS 008)
08 May