“အင်းစိန်ဆေးဝါးစက်ရုံမှာ ဆေးအမျိုးအစား ၁၉၀ ထုတ်လုပ်နေ”

08 May

ရန်ကုန်တိုင်းဒေသကြီး ဆေးဝါးစက်ရုံ(အင်းစိန်)မှာ ပြည်သူများအတွက်လိုအပ်တဲ့ အခြေခံအကျဆုံး ဆေးဝါးအုပ်စု ၁၁ ခု ဆေးအမျိုးအစားပေါင်း ၁၉၀ ကို ထုတ်လုပ်ပေးနေကြောင်း သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့အချိန်အထိ BPI အမှတ်တံဆိပ်၏ ကျော်ဇောမှုနှင့် အရည်အသွေးကို ထိန်းသိမ်းထားနိုင်သည့်အတွက် များစွာဂုဏ်ယူကြောင်းလည်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသွင်အောင် က မေလ ၇ ရက်တွင် ဆေးဝါးစက်ရုံအတွင်းရှိ လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည်ရှုစစ်ဆေးစဉ် ပြောကြားခဲ့ပါတယ်။ ဒါကြောင့် အင်းစိန်ဆေးဝါးစက်ရုံအနေနဲ့ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ပိုမိုတိုးတက်အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ ကြောင်း သိရပါတယ်။ ထို့နောက်စက်ရုံအတွင်း မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေးဌာနမှာ မြွေဆိပ်ဖြေဆေး အေးခဲခြောက်များ ထုတ်လုပ်နေမှု၊ အရည်အသွေးထိန်းသိမ်းရေးဌာနတွင် အရည်အသွေးတိုင်းတာစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)

08 May

ADVERTISE HERE .