“ချောင်းမငယ်ဆည်မှ နေပြည်တော်သို့ တစ်ရက် ရေဂါလန် ၉၄ သိန်းပေးဝေ”
08 May
ချောင်းမငယ်ဆည်ရေသောက်စနစ်အတွင်းရှိ ဆင်အုံကန်မှတစ်ဆင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီသို့ တစ်ရက်လျှင် မြို့ပြသောက်သုံးရေ ဂါလန် ၉၄ သိန်း ပေးဝေလျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ချောင်းမငယ်ဆည်ရေသောက်ဧရိယာအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် နွေသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မတ်လ ၁ ရက်မှစတင်ကာ တူးမြောင်းမကြီးနှင့် လက်တံမြောင်းများမှ ရေအလေအလွင့် နည်းပါးစွာနဲ့ စနစ်တကျ စီမံကာ စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ နွေစပါး ၄,၂၆၆ ဧကနှင့် နွေသီးနှံ ၄၄၁ ဧက၊ စုစုပေါင်းစိုက်ဧက ၄,၇၀၇ ဧက စိုက်ပျိုးပြီးစီးထားကြောင်း သိရပါတယ်။ ချောင်းမငယ်ရေလှောင်တမံ၏ မေလ ၆ ရက်အထိ သိုလှောင်ရေပမာဏမှာ ၇၅,၂၅၄ ဧကပေရှိပြီး နွေစပါးနှင့် နွေသီးနှံစိုက်ဧကများအတွက် စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ လယ်ဝေးမြို့နယ်အတွင်းရှိ ချောင်းမငယ်ရေလှောင်တမံ၏ ကန်ရေပြည့် ရေလှောင်ပမာဏမှာ ၉၁,၇၇၀ ဧကပေရှိပြီး စိစစ်ဧရိယာ ၇,၂၁၉ ဧကအတွက် နှစ်စဉ် မိုးစပါး၊ နွေစပါးနှင့် နွေသီးနှံများကို ဆည်ရေပေးဝေလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)