“သူနာပြု-သားဖွားဒီပလိုမာ နောက်ဆုံးနှစ်စာမေးပွဲ ကျင်းပ”

08 May

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ်လက်မှတ်ရစာမေးပွဲ (National Comprehensive Examination) ကို မေလ ၇ ရက်မှာ တစ်ပြိုင်နက်တည်း စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါစာမေးပွဲအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သင်တန်းသား/သူ စုစုပေါင်း ၁,၄၆၇ ဦးတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စာစစ်ဌာန ၂၂ ဌာနဖွင့်လှစ်ပညာသင်ကြားနေပြီး သင်တန်းသားများမှာ ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားနေသူများဖြစ်ကြောင်း သိရပါတယ်။ စာမေးပွဲကို အပိုင်းနှစ်ပိုင်းခွဲ၍ စစ်ဆေးသွားမည ဖြစ်ရာ ရေးဖြေစာမေးပွဲကို မေလ ၆ ရက်မှ ၁၂ ရက်အထိလည်းကောင်း၊ လက်တွေ့နှုတ်ဖြေ စာမေးပွဲကို မေလ ၁၃ ရက် မှ ၁၅ ရက်အထိလည်းကောင်း ဖြေဆိုကြရမှာဖြစ်ပါတယ်။ အခုစာမေးပွဲကို အောင်မြင်စွာဖြေဆိုပြီးစီးသူများက မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရပါတယ်။ အခုစာမေးပွဲသို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက နေပြည်တော်ကောင်စီနယ်မြေတွင် သူနာပြုသိပ္ပံစာစစ်ဌာနသို့ သွားရောက်၍ စာမေးပွဲကျင်းပနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရပါတယ်။ ဒါကြောင့် မကြာမီကာလအတွင်း ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍမှာ အရည်အချင်းပြည့်ဝတဲ့ သူနာပြုနှင့်သားဖွားဆရာမ အင်အားသစ်များ ထပ်မံတိုးပွား လာတော့မှာ ဖြစ်ပါတယ်။ (NVS 004)

08 May

ADVERTISE HERE .