“မန္တလေး-မြစ်ကြီးနား ကားလမ်းပြန်လည်ဖွင့်လှစ်ခဲ့”
08 May
မန္တလေးမြို့နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားအထိဖောက်လုပ်ထားတဲ့ မန္တလေး-မြစ်ကြီးနား ကားလမ်းကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကာ ကုန်စည်စီးဆင်းရေးအတွက် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ဆင်ရေးကာလ ၁ နှစ်နှင့် ၃ လကျော် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါတယ်။ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းဖြစ်တဲ့ လမ်းပေါ်မှာ မတ္တရာ၊ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်နှင့် မော်လူးတို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကုန်စျေးနှုန်းကြီးမြင့်နေသော မြစ်ကြီးနားမြို့မှာ ကုန်စျေးနှုန်းများ အထိုက်အလျောက်ကျဆင်းမည်ဟု မြစ်ကြီးနားမြို့ခံများက မျှော်လင့်နေကြပါတယ်။ (NVS 004)
08 May