“ပြည်ပဝယ်လိုအား မြင့်တက်မှုကြောင့် မြန်မာ့ပဲတီစိမ်းဈေးကောင်းရနေ”
08 May
မြန်မာ့ထွက်ကုန် ပဲတီစိမ်းများက ပြည်ပဝယ်လိုအား မြင့်တက်လာမှုကြောင့် မန္တလေးဈေးကွက်အတွင်း ဈေးကောင်းများရရှိနေပြီး အရောင်းအဝယ် သွက်လက်လျက်ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ဝယ်လိုအားတိုးလာသဖြင့် ပဲတီစိမ်းဈေးနှုန်းများ မြင့်တက်လာကာ ကုန်စည်ဒိုင်များမှာ အရောင်းအဝယ်ပိုမိုကောင်းမွန်လာကြောင်း သိရပါတယ်။ မန္တလေးဈေးကွက် အတွင်း ပဲတီစိမ်းအရည်အသွေးကောင်းများမှာ ယခင်ကထက်ဈေးနှုန်းပိုမိုရရှိနေပြီး နယ်စုံမှဝင်ရောက်လာတဲ့ပဲများ အဝယ်လိုက်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ပို့ကုန်ဈေးကွက် အခြေအနေကောင်းမွန်နေခြင်းကြောင့် လာမည့် ရက်ပိုင်းများအတွင်း ပဲတီစိမ်းဈေးနှုန်းများ ဆက်လက်တည်ငြိမ်နိုင်ကြောင်း ဈေးကွက်အတွင်း သုံးသပ်နေကြပါတယ်။ (NVS 004)
08 May