“တာဇစ် ကို နည်းပြသစ်အဖြစ် ၂ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်တဲ့ ဘီလ်ဘာအိုအသင်း”
07 May
လာလီဂါကလပ် ဘီလ်ဘာအိုအသင်းက ဒေါ့မွန်နည်းပြဟောင်း တာဇစ် ကို နည်းပြသစ်အဖြစ် ၂ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ ဂျာမန်-ခရိုအေးရှားလူမျိုး တာဇစ် ဟာ ဒေါ့မွန်အသင်းကို ယာဂန်ကလော့ပ် ကိုင်တွယ်စဉ်က ဒေါ့မွန် အကယ်ဒမီရဲ့ ကင်းထောက်နှင့် လက်ထောက်နည်းပြအဖြစ် လုပ်ဆောင်ခဲ့ဖူးပြီး ခရိုအေးရှားနည်းပြ ဘီလစ် ရဲ့ လက်ထောက်နည်းပြအဖြစ် ဘက်ဆစ်တက်နဲ့ ဝက်စ်ဟမ်းအသင်းတွေမှာ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၀ ဒီဇင်ဘာမှာ ဒေါ့မွန်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး ၆ လအကြာမှာ နည်းစနစ်ဒါရိုက်တာအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့ပေမယ့် ၂၀၂၂ နွေရာသီမှာ နည်းပြအဖြစ် ပြန်လည်ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၄ ဇွန်လမှာ ဒေါ့မွန်အသင်းနဲ့ လမ်းခွဲပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ တာဇစ်ကို ဘီလ်ဘာအိုအသင်းက ရာသီကုန်ရင် လမ်းခွဲတော့မယ့် နည်းပြ ဗယ်လ်ဗာဒီရဲ့နေရာမှာ အစားထိုးခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ (NVS 008)