“ပရီးမီးယားလိဂ်ပွဲစဉ် (၃၅) ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မိန်နူး”
07 May
မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား မိန်နူး ဟာ ပရီးမီးယားလိဂ်ပွဲစဥ် (၃၅) ရဲ့ အကောင်းဆုံးကစားသမား အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ပွဲစဥ် (၃၅) မှာ မန်ယူအသင်းက လီဗာပူးလ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မိန်နူး က အနိုင်ဂိုးသွင်းယူကာ ခြေစွမ်းပြသခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ရွေးချယ်တဲ့ပွဲစဥ် (၃၅) ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ မိန်နူး က ဆန္ဒမဲ ၅၄ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဂျိုကာရက်စ် က ဆန္ဒမဲ ၁၃ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။ မိန်နူး ဟာ ပွဲစဥ်အလိုက် အကောင်းဆုံးကစားသမားအဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံရတာဖြစ်ပြီး မန်ယူအသင်း ကစားသမား တွေထဲမှာတော့ ၇ ဦးမြောက် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
07 May