“တရုတ်နိုင်ငံမှထွက်ရှိပြီး မြန်မာနိုင်ငံရာသီဥတုနှင့်ကိုက်ညီသော စိုက်ပျိုးရေးပြောင်းများကို မြန်မာနိုင်ငံမှာ စမ်းသပ်စိုက်ပျိုးနေ”

07 May

မြန်မာနိုင်ငံရာသီဥတုနှင့်ကိုက်ညီတဲ့ တရုတ်နိုင်ငံမှထွက်ရှိသော ပြောင်းမျိုးများကို တရုတ်နိုင်ငံ၊ ဟူပေခန်းနောင်းမျိုးစေ့ကုမ္ပဏီက မြန်မာနိုင်ငံတွင်စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။ ဟူပေခန်းနောင်းမျိုးစေ့ကုမ္ပဏီက အဓိကပြောင်းမျိုး စေ့များဖြစ်သော KN 909၊ KN8၊ KN919 ၊ KN008 တို့ကို နေပြည်တော်၊ ပုဗ္ပသီရီမြို့နယ်ရှိ လယ်တောမှာ စမ်းသပ်စိုက်ပျိုးလျက်ရှိကာ အောင်မြင်ဖြစ်ထွန်းပြီး ရှမ်းပြည်နယ်၊ ပင်လောင်း၊ ရွာငံ၊ ရပ်စောက်တို့တွင်လည်း KN909၊ KN808 မျိုးစေ့များကို စမ်းသပ်စိုက်ပျိုးရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရပါတယ်။ ခန်းနောင်းမျိုးစေ့ကုမ္ပဏီက နေပြည်တော်မှာ မေလ ၅ ရက်နံနက်ပိုင်းက အရည်အသွေးမြင့် KN အမှတ် တံဆိပ်စပ်မျိုးပြောင်းဖူးမျိုးစေ့မိတ်ဆက်ပွဲမှာ ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်(ဗဟို)၊ မြေပြန့်ဒေသဖွံ့ဖြိုးရေးနှင့် ထွက်ကုန်စျေးကွက်ရှာဖွေရေးကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် MOU ရေးထိုးခဲ့ပါတယ်။ ခန်းနောင်းမျိုးစေ့ကုမ္ပဏီက မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးသုသေသနလုပ်ငန်းနှင့် မျိုးစေ့ထုတ်လုပ်မှုလုပ်ငန်း တို့ ပူးပေါင်းဆောင်ရွက်ရန်သွားမည်ဖြစ်ကာ ကုမ္ပဏီ၏ အဓိကပြောင်းမျိုးစေ့များဖြစ်သော KN 909 , KN8 , KN919 , KN008 တို့က ပုံမှန်အထွက်နှုန်းထက် ၂၀ ရာခိုင်နှုန်းပိုမိုထွက်ရှိကာ အပူဒဏ်၊ ပိုးမွှားဒဏ်၊ ရာသီဥတုမကိုက်ညီမှု ရောဂါဒဏ်တို့ကိုခံနိုင်ရည်ရှိကြောင်း သိရပါတယ်။ KN8 ပြောင်းအမျိုးအစားမှာ အပင်ပုံစံကျစ်လစ်ပြီး အပင်အမြင့် ၂၆၇ စင်တီမီတာရှိကာ အဖူးထွက်ရှိသည့်အမြင့် ၁၀၉ စင်တီမီတာခန့်ရှိ၍ ပြောင်းဖူးကြီးပြီး အစေ့မှာရွှေရောင် တောက်ပကြည်လင်လျက်ရှိပြီး တိရစ္ဆာန်အစာနှင့် အစေ့ထုတ်လုပ်ရန်အတွက် အရည်အသွေးကောင်းမွန်ကာ ပင်စည် တုတ်ခိုင်သန်စွမ်း၍ အပင်လဲခြင်း၊ ကျိုးပဲ့ခြင်းဒဏ်တို့ကို အထူးခံနိုင်ရည်ရှိပြီး စိတ်ချရကြောင်း သိရပါတယ်။ (NVS 004)

07 May

ADVERTISE HERE .