“MSMEs ချေးငွေများမှ Quick Win ဖြစ်နိုင်မယ့် လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်”
07 May
ပဲခူးတိုင်းဒေသကြီးအတွင်း MSMEs ချေးငွေများကို Quick Win ဖြစ်တဲ့လုပ်ငန်းများကို သေချာရွေးချယ် စိစစ်ထုတ်ချေးပေးဖြစ်ကြောင်းပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေလ ၅ ရက်မှာပြုလုပ်ခဲ့တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာပါက တိုင်းဒေသကြီး၏ GDP တိုးတက်လာမည်ဖြစ်ကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေထုတ်ချေး ပေးရာမှာ အချိန်အကန့်ဖြင့်ထုတ်ချေးပေးခြင်းဖြစ်၍ Quick Win ဖြစ်တဲ့လုပ်ငန်းများကို သေချာရွေးချယ်စိစစ် ထုတ်ချေးပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် MSMEs လုပ်ငန်းများရှိ လူသုံးကုန်နှင့်စားသုံးကုန်များ နိုင်ငံတကာအဆင့်မီထုတ်ပိုးမှုစနစ်များ ပြောင်းလဲနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကာ ပြည်ပသွင်းကုန်အစားထိုးထုတ်လုပ်တဲ့ လုပ်ငန်းများ ပိုမိုလုပ်ငန်းတိုးချဲ့နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကတင်ပြတဲ့ လုပ်ငန်းတစ်ခုချင်းအလိုက်တင်ပြမှုအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ချေးငွေများ စိစစ်ခွင့်ပြု ပေးခဲ့ပါတယ်။ (NVS 004)