“မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများနဲ့ ဖော်ဆောင်နေ”
07 May
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်တဲ့ ပြည်ပမှ ကုန်တင် လေယာဉ်များ ရာသီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရန်ပုံငွေများနဲ့ ဖော်ဆောင်လျက်ရှိကြောင်း သိရပါတယ်။ လေဆိပ်ကုန်စည်အဆောက်အဦ(၁၂၀ ပေ x ၆၀ ပေ) တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ လေယာဉ်ဝင်/ထွက်လမ်း(၁၀၀ ပေ x ၇၅ ပေ)၊ လေယာဉ်ရပ်နားနေရာ(၂၀၀ ပေ x ၁၅၀ ပေ)တည်ဆောက်ခြင်း၊ Boeing 737-800/A-320 လေယာဉ်များဆင်း/တက်နိုင်ရေးအတွက် လေယာဉ်ပြေးလမ်း(အရှည် ၉,၀၀၀ ပေ x အ ကျယ်၂၀၀ ပေ)အား နိုင်လွန်ကတ္တရာ ၄ လက်မထုခင်းခြင်းတို့ကို ဖော်ဆောင်လျက်ရှိကြောင်း သိရပါတယ်။ လေယာဉ်ပြေးလမ်း(အရှည် ၉၀၀၀ ပေx အကျယ် ၂၀၀ ပေ)ကို (အရှည် ၁၀၀၀၀ ပေx အကျယ် ၂၀၀ ပေ) ရရှိသည်အထိ ပြေးလမ်းတောင်ဘက်သို့ (အရှည် ၁၀၀၀ ပေx အကျယ် ၂၀၀ ပေ) တိုးချဲ့ခြင်း (မြေကြီးလုပ်ငန်း ဆောင်ရွက်ခြင်း)တို့ကို ဖော်ဆောင်လျက်ရှိကြောင်း သိရပါတယ်။ အခုလိုဖော်ဆောင်နေမှုများကို တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ကျော်ကျော်ဟန်၊ တာဝန်ရှိသူများနှင့်အတူ မေလ ၅ ရက်နံနက်ပိုင်းမှာ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)