“ဘားအံမြို့မှာ တောင်သူတစ်ဦးကို ၅ ဂါလန်နှုန်းနဲ့ စက်သုံးဆီများရောင်းချပေး”
07 May
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် စက်သုံးဆီ ၅ ဂါလန်နှုန်းနဲ့ မေလ ၆ ရက် နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်းမှာ ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။ သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက် ရေတင်နိုင်ရန်နှင့် မိုးစပါးမစိုက်ပျိုးမီ လယ်ယာမြေများ ထွန်ယက်ပြုပြင်နိုင်ရန်အတွက် ပြည်နယ်ရေနံထွက်ပစ္စည်း ကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် စက်သုံးဆီအရောင်းဆိုင်များ ပူးပေါင်းရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ တောင်သူတစ်ဦးကို ၅ ဂါလန်နှုန်းနဲ့ ကျေးရွာအုပ်စု ၁၂ စုမှ တောင်သူ ၁၉၅ ဦးအတွက် ဓာတ်ဆီ ၁ ဂါလန်လျှင် ငွေကျပ် ၂၁,၀၀၀နှုန်းနဲ့ ဂါလန် ၅၀၀၊ ဒီဇယ် ၁ ဂါလန်လျှင် ငွေကျပ် ၂၄,၄၀၀ နှုန်းနဲ့ ၄၇၅ ဂါလန်တို့ကို ရောင်းချ ပေးခဲ့ကြောင်းသိရပါတယ်။ ဘားအံမြို့တွင် စက်သုံးဆီများကို တောင်သူများလက်ဝယ်အရောက် အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းမှာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)