“ဒဏ်ရာကြောင့် ငါးလခန့်အနားယူရမည့် မန်ဒီ”
06 May
ရီးယဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမား မန်ဒီ ဟာ ခြေထောက်ကြွက်သားဒဏ်ရာကြောင့် ငါးလခန့် အနားယူရမည်ဖြစ်ကြောင်း သိရပါတယ်။ မန်ဒီ ဟာ ရီးယဲလ်မက်ဒရစ်အသင်းက အက်စ်ပန်ညိုအသင်းကို ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသည့်ပွဲစဉ်၌ ပွဲချိန် ၁၄ မိနစ်တွင် ခြေထောက်ကြွက်သားဒဏ်ရာ ရရှိခဲ့ပြီးနောက် လူစားလဲထွက်ခွာခဲ့ရပြီး အသေးစိတ်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ ဒဏ်ရာပြင်းထန်တဲ့အတွက် ကာလရှည်အနားယူရယူရတော့မှာ ဖြစ်ပါတယ်။ မန်ဒီ အနေနဲ့ ယခုဘောလုံးရာသီတွင် အစောပိုင်းကလည်း ဒဏ်ရာပြဿနာများကြောင့် ကာလရှည် အနားယူ ခဲ့ရပြီး ဒဏ်ရာမှပြန်လည်သက်သာလာပြီးနောက် ပြန်လည်ကစားနိုင်သော်လည်း ယခုအခါ ဒဏ်ရာထပ်မံရရှိခဲ့လို့ လာမည့်ဘောလုံးရာသီ အစပိုင်းပွဲစဉ်များအထိ လွဲချော်ရမှာဖြစ်ပါတယ်။ ယခုဘောလုံးရာသီတွင်လည်း ဒဏ်ရာ ပြဿနာများကြောင့် အသင်းနှင့်အတူ ပြိုင်ပွဲစုံကိုးပွဲသာ ပါဝင်ကစားနိုင်ခဲ့ကြောင်း သိရပါတယ်။(NVS 008)