“တပ်မတော်စစ်ကြောင်းများက မော်လူးမြို့ကို ပြန်လည်ထိန်းချုပ်”

06 May

တပ်မတော်စစ်ကြောင်းများက ဧပြီလ ၃၀ ရက်တွင် အင်းတော်မြို့ကို အလုံးစုံပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မေလ ၅ ရက်တွင် ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ မော်လူးမြို့ကို ထပ်မံ၍ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ မော်လူးမြို့သည် အင်းတော်မြို့၏မြောက်ဘက် မိုင် ၂၀ အကွာတွင်တည်ရှိကာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ကို ဆက်သွယ်ထားသည့် အချက်အချာကျသည့် ပြည်နယ်ချင်းဆက်လမ်းကြောင်းဖြစ်သော ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးတွင် တည်ရှိသော လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် အရေးကြီးသည့် ဒေသတစ်ခုဖြစ်ပါတယ်။ တပ်မတော်စစ်ကြောင်းများက အင်းတော်မြို့အား သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်ခဲ့ရာ ၅ ရက်အကြာတွင် မော်လူးမြို့အား အပြည့်အဝ ပြည်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက မော်လူးမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ပြန်လည်ထိန်းချုပ်ခဲ့ရာ အကြမ်းဖက်သောင်းကျန်း သူများနှင့် ထိတွေ့တိုက်ပွဲများရှိခဲ့ပြီး သောင်းကျန်းသူများထံမှ အလောင်း၊ လက်နက်များအပြင် သောင်းကျန်းသူများ တရားမဝင်လုပ်ကိုင်နေသော စက်သုံးဆီသိုလှောင်သည့်နေရာများမှ စက်သုံးဆီထည့် သံပီပါခွံများ၊ ဆီလှောင်ကန် များနှင့် မော်တော်ယာဉ်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။ နယ်မြေရှင်းလင်းချီတက်လာသော တပ်မတော်စစ်ကြောင်းများအား ဒေသခံပြည်သူများက လမ်းကြောင်း တစ်လျှောက်တွင် အောင်သပြေပန်းများ၊ ပန်းကုံးများကိုင်ဆောင်ကာ သောင်းသောင်းဖြဖြကြိုဆိုခဲ့ပြီး တပ်မတော် စစ်ကြောင်းများအနေနဲ့ အဆိုပါဒေသအတွင်း နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ကာ မော်လူး-နန့်စီးအောင် လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။(NVS 004)

06 May

ADVERTISE HERE .