“လူငယ်အားလုံးသည် နိုင်ငံတော်၏ အနာဂတ်ကို အကောင်အထည်ဖော်ကြမည့် နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်များဖြစ်”

06 May

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မည့် နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်များဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မေလ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပခဲ့သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒ အမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတက နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့ အင်အားနဲ့ တည်ဆောက်ရခြင်းဖြစ်ပြီး လူငယ်တိုင်းက နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်သော်လည်း လူငယ်အားလုံးက နိုင်ငံတော်ရဲ့အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ်များပင်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ် လူရည်ချွန်လူရည်မွန်များ ပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့် ပညာရေးကဏ္ဍကို အလေးထားမြှင့်တင် ဆောင်ရွက် ပေးလျက်ရှိရာ လူငယ်များသည် နိုင်ငံ၏အနာဂတ်၊ နိုင်ငံ၏အဓိကအင်အားစုဖြစ်၍ အသိပညာ၊ အတတ်ပညာ ပြည့်ဝရန်လိုအပ်သလို မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိပြီး အများအကျိုး၊ နိုင်ငံ့အကျိုးသယ်ပိုးကြရမည် ဖြစ်ကြောင်း၊ ဒါ့အပြင် အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် မိမိတို့နိုင်ငံ၏ ကောင်းမြတ်သည့်အစဉ်အလာနှင့် ဓလေ့ထုံးစံများ၊ သမိုင်းကြောင်းများ၊ သဘာဝတောတောင်ရေမြေများ၊ သယံဇာတအရင်းအမြစ်များကို တန်ဖိုးထားပြီး ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 004)

06 May

ADVERTISE HERE .