“အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၆ ရာသီဆက် တက်ရောက်နိုင်ခဲ့တဲ့ ဘာစီလိုနာအမျိုးသမီးအသင်း”
05 May
ဘာစီလိုနာအမျိုးသမီးအသင်းဟာ အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၆ ရာသီဆက် တက်ရောက် နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၂၅-၂၆ ရာသီ အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲတွေကို မေလ ၂ ရက် နှင့် ၃ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် လိုင်ယွန်နဲ့ ဘာစီလိုနာအသင်းတို့က ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ကြပါတယ်။ လိုင်ယွန်အသင်းက အာဆင်နယ်အသင်းကို နှစ်ကျော့ပေါင်း ၄ ဂိုး ၃ ဂိုး၊ ဘာစီလိုနာအသင်းက ဘိုင်ယန်မြူးနစ်အသင်း ကို နှစ်ကျော့ပေါင်း ၅ ဂိုး၊ ၃ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲအဆင့်ကို တက်ရောက်ခဲ့ပါတယ်။ ဘာစီလိုနာအမျိုးသမီး အသင်းက ၂၀၂၀-၂၁ ရာသီကနေ လက်ရှိရာသီအထိ ဗိုလ်လုပွဲကို ၆ ရာသီဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲရဲ့သမိုင်းမှာ စံချိန်သစ်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗိုလ်လုပွဲ ၅ ကြိမ်မှာ ဘာစီလိုနာအမျိုးသမီးအသင်းက ၃ ကြိမ် အနိုင်ရပြီး ၂ ကြိမ်ရှုံးနိမ့်ခဲ့ပါတယ်။ လိုင်ယွန်အမျိုးသမီးအသင်းက အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ချန်ပီယံဆု ၈ ကြိမ် ရရှိထားပါတယ်။ ၂၀၂၅-၂၆ ရာသီ အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို နော်ဝေနိုင်ငံတွင် မေလ ၂၃ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ (NVS 008)