“2026 Huzhou Open တင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ကာတာဇ်နာ ကာဝါ”
05 May
တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော အမျိုးသမီး တင်းနစ်ပြိုင်ပွဲဖြစ်သည့် 2026 Huzhou Open တင်းနစ်ပြိုင်ပွဲ ချန်ပီယံဆုကို ပိုလန်တင်းနစ်မယ် ကာတာဇ်နာ ကာဝါ က ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ပါတယ်။ ပိုလန်တင်းနစ်မယ် ကာတာဇ်နာ ကာဝါ က 2026 Huzhou Open တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်မှာ ဆလိုဗေးနီးယားတင်းနစ်မယ် ဘရော်နီကာ အီဂျာဗစ် ကို ၆-၀၊ ၆-၄ နဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူး နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ ကာတာဇ်နာ ကာဝါ က 2026 Huzhou Open တင်းနစ်ပြိုင်ပွဲ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့လို့ အတိုင်းမသိ ပျော်ရွှင်မိကြောင်း၊ ပရိသတ်တစ်ဦးချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)
05 May