“နည်းပြ ကာရစ် လက်ထက်မှာ ပရီးမီးယားလိဂ်အမှတ်အများဆုံးရရှိထား”

05 May

မန်ယူအသင်းဟာ လီဗာပူးလ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ သေချာသွားခဲ့ပါတယ်။ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်က ချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာရရှိမှာဖြစ်ပြီး မန်ယူအသင်းက လက်ကျန် ၃ ပွဲစလုံးရှုံးခဲ့ရင်တောင် ထိပ်ဆုံး ၅ သင်းစာရင်းထဲက ရှိနေမှာဖြစ်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ သေချာသွား ခဲ့ပါတယ်။ မန်ယူအသင်းက နည်းပြ အာမိုရင်မ် လက်ထက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရနိုင်တဲ့အခြေအနေအထိ ရောက်ရှိခဲ့ပြီး နည်းပြ ကာရစ် စတင်ကိုင်တွယ်ချိန်မှာ အဆင့်(၆)နေရာ ရောက်ရှိနေခဲ့ပါတယ်။ နည်းပြ ကာရစ် က တတိယနေရာရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပြီး မန်ယူအသင်းကို ကိုင်တွယ်ချိန်ကစတွက်ရင် ပရီးမီးယားလိဂ်မှာ မန်ယူအသင်းက အမှတ်အများဆုံးရရှိတဲ့အသင်း ဖြစ်နေကြောင်း သိရပါတယ်။ နည်းပြ ကာရစ် က မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲယှဉ်ပြိုင်ခဲ့ရာမှာ ၁၀ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံးခဲ့တာကြောင့် ၃၂ မှတ်ရရှိခဲ့ ပါတယ်။ (NVS 008)

05 May

ADVERTISE HERE .