“တန်းဆင်းဇုန်အပြင်ဘက် ရောက်ရှိခဲ့ခြင်းအတွက် ဘာမှမခံစားရဘူးလို့ ပြောကြားခဲ့တဲ့ ဒီဇာဘီ”
05 May
စပါးအသင်းရဲ့နည်းပြ ဒီဇာဘီ က ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်အပြင်ဘက်သို့ ရောက်ရှိခဲ့ခြင်းအတွက် ခံစားမှုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားတဲ့ စပါးအသင်းနှင့် အက်စတွန်ဗီလာအသင်းပွဲစဉ်မှာ စပါးအသင်း က ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး အဆင့်(၁၇)နေရာကို ရောက်ရှိခဲ့ပြီး တန်းဆင်းဇုန်အပြင်ဘက်သို့ ပြန်လည်ရောက်ရှိ ခဲ့ပါတယ်။ စပါးအသင်းဟာ ဝုလ်အသင်းနဲ့ပွဲမတိုင်ခင် ပရီးမီးယားလိဂ်မှာ (၁၅) ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့ပြီး ၉ ပွဲ ရှုံးနိမ့်ခဲ့တာကြောင့် တန်းဆင်းအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ စပါးအသင်းဟာ လက်ရှိအချိန်မှာမှ ပရီးမီးယားလိဂ် ၂ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်လက်ကျန် ၃ ပွဲမှာ စပါးအသင်းက လိဒ်စ်၊ ချဲလ်ဆီး၊ အဲဗာတန်အသင်းတို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ (NVS 008)
05 May