“ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအထိမ်းအမှတ်ပြပွဲကို ဖွင့်လှစ်ထား”

05 May

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအထိမ်းအမှတ်အထူးပြပွဲကို မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ပရိဝုဏ်အတွင်း မေလ ၁၀ ရက်အထိ ဖွင့်လှစ်ပြသမည်ဖြစ်ပြီး အခမဲ့လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရပါတယ်။ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအထိမ်းအမှတ် အထူးပြပွဲပြခန်းကို ဧပြီလ ၃၀ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၀ ရက်အထိ နေ့စဉ် နံနက် ၉ နာရီကနေ ညနေ ၅ နာရီထိ ဖွင့်လှစ်ပြသပေးထားမှာ ဖြစ်ပါတယ်။ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအထိမ်းအမှတ် အထူးပြပွဲမှာ ပထမ သင်္ဂါယနာတင်ကစတင်ခဲ့တဲ့ အကြောင်းအရာများနှင့် ယနေ့ခေတ်သာသနာရေးဆိုင်ရာဆောင်ရွက်ချက်များကို ပြကွက် ၁၀ ကွက်နဲ့ ပြသထားကြောင်း သိရပါတယ်။ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာ အထိမ်းအမှတ်အထူးပြပွဲကို ထေရဝါဒဗုဒ္ဓသာသနာတော် တည်တံ့ခိုင်မြဲစေရန် ဆရာတော်၊ သံဃာတော်ကြီးများ၊ နိုင်ငံတော်အစိုးရနှင့်တိုင်းသူပြည်သားများက ခေတ်အဆက်ဆက်မှာ ဘက်ပေါင်းစုံမှကြိုးစား၍ ထိန်းသိမ်းစောင့်ရှောက် ဆောင်ရွက်ခဲ့ပုံများကို လေ့လာသိရှိကြည်ညိုသဒ္ဓါပွားများနိုင်စေရန် ရည်ရွယ်ချက်နဲ့ ပြသထားခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

05 May

ADVERTISE HERE .