“ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ယခုမေလမှာ အုပ်စု ၂ စုခွဲ၍ လျှပ်စစ်ဓာတ်အား အလှည့်ကျပေးမည်”

05 May

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုမေလမှာ အုပ်စု(A,B) ခွဲ၍ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း အချိန် ၄ နာရီစီ အလှည့်ကျစနစ်နဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC)ထံမှ သိရပါတယ်။ အခုလိုဖြန့်ဖြူးပေးရာ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့မှာ နေထိုင်သူများကို နံနက် ၅ နာရီမှ ည ၉ နာရီအတွင်းကို အုပ်စု(A,B) ခွဲ၍ အချိန် ၄ နာရီစီ အလှည့်ကျစနစ်နဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ည ၉ နာရီမှ နောက်နေ့နံနက် ၅ နာရီအတွင်းကိုမူ အလှည့်ကျစနစ်ဖြင့်မဟုတ်ဘဲ လျှပ်စစ် ဓာတ်အားကို အပြည့်အဝဖြန့်ဖြူးပေးလျက်ရှိရာ ယင်းအချိန်မှာ စတင်ဓာတ်အားပေးချိန်တွင် တစ်ပြိုင်နက် ဝန်အား သုံးစွဲမှုများဖြစ်ပေါ်ကာ ဓာတ်အားစနစ်တည်ငြိမ်မှု အခက်အခဲများရှိသဖြင့် ဝန်အားထိန်းညှိဖြန့်ဖြူးရာမှာ ဓာတ်အား စတင်ရရှိချိန်အနည်းငယ်ကွာခြားမှုရှိနိုင်ကြောင်း သိရပါတယ်။ ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်အားသယ်ယူဖြန့်ဖြူးမှု၊ ဓာတ်အားစနစ်အခြေအနေနှင့် ရုံးဖွင့်ရက်/ရုံးပိတ်ရက်သုံးစွဲဝန် အပေါ်မူတည်၍ ဓာတ်အားဖြန့်ဖြူးရရှိမှု အပြောင်းအလဲ(အတိုး/အလျော့)ရှိနိုင်ကြောင်း သိရပါတယ်။ (NVS 004)

05 May

ADVERTISE HERE .