“၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်းစစ်ပြင်ပဖြေ စာမေးပွဲကျင်းပ”
05 May
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်မှာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-10 နှင့် Grade-11 ကျောင်းတွင်းစစ် ပြင်ပဖြေစာမေးပွဲကို သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့မှာ မေလ ၄ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရပါတယ်။ မေလ ၄ ရက် နံနက် ၉ နာရီက ပြုလုပ်တဲ့ စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်ကို အ.ထ.က၊ သပိတ်ကျင်း မှာ ၉၆ ဦးနှင့် အထက-၁ မိုးကုတ်တွင် ၁၃၃ ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ၂၂၉ ဦး လာရောက်ဖြေဆိုခဲ့ကြပြီး စာမေးပွဲကို မေလ ၁၁ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့် မဆုံးရှုံးစေရေးအတွက် ရည်ရွယ်ကာ ယင်းစာမေးပွဲ များကို ကျင်းပပေးခြင်းဖြစ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစ၍ ယင်းဒေသမှာ ကျောင်းများပိတ်ခဲ့ရတဲ့အတွက် ယခုလိုစာမေးပွဲကျင်းပပေးခြင်းကြောင့် ကျောင်းသားလူငယ်များ အတွက် ပညာရေးအခွင့်အလမ်းတစ်ရပ်ဖြစ်စေခဲ့ကြောင်း သိရပါတယ်။ (NVS 004)