“လယ်ယာသုံးစက်ကိရိယာများကို တောင်သူများထံ လွှဲပြောင်းပေးအပ်”

05 May

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေနဲ့ ဝယ်ယူထောက်ပံ့တဲ့ လယ်ယာသုံးစက်ကိရိယာများကို ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး က တောင်သူများထံသို့ မေလ ၄ ရက်နံနက်ပိုင်းမှာ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်ယာလုပ်ငန်းခွင်မှာ စက်စွမ်းအားပြည့် အသုံးချနိုင်ရန် လိုအပ်ကာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ လယ်ယာလုပ်သားရှားပါးမှုအခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ရန်ပုံငွေနဲ့ လယ်ယာသုံးစက်ကိရိယာများကို ဒေသတွင်းရှိတောင်သူများ လယ်ယာကဏ္ဍမှာ တွင်ကျယ်စွာအသုံးပြုနိုင်ရန် ထောက်ပံ့ပေးခြင်းဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောကြား ခဲ့ပါတယ်။ အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက တောင်သူများထံသို့ လယ်ယာသုံးစက်ကိရိယာများကို လွှဲပြောင်းပေးအပ်ပြီးစက်ကိရိယာကိုင်တွယ်၊ ထိန်းသိမ်းမှု(အခြေခံ)သင်တန်းမှာ ဆုရရှိသူများကို ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ (NVS 004)

05 May

ADVERTISE HERE .