“ပိုလန်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဂိုးနစ်ဇာဘဂျာ အသင်း”

04 May

ဂျာမန်ဝါရင့်တိုက်စစ်မှူး ပိုဒေါစကီး ရှယ်ယာပိုင်ဆိုင်တဲ့ ဂိုးနစ်ဇာဘဂျာ အသင်းဟာ ပိုလန်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပိုလန်ဖလားဗိုလ်လုပွဲမှာ ဂိုးနစ်ဇာဘဂျာ အသင်းက ရာဂို ဂျက်စ်ကိုဘာ ကို ၂ ဂိုး၊ဂိုးမရှိနဲ့ အနိုင်ရဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၀ နှစ်ရှိပြီဖြစ်တဲ့ ပိုဒေါစကီး ဟာ ဂိုးနစ်ဇာဘဂျာ အသင်းထံ ၂၀၂၁ ခုနှစ်ကတည်းက ရောက်ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဂိုးနစ်ဇာဘဂျာ အသင်းရဲ့ရှယ်ယာကိုဝယ်ယူပြီး အသင်းရဲ့ ဒုတိယရှယ်ယာအများဆုံး ဖြစ်လာခဲ့ပါတယ်။ ပိုဒေါစကီး ဟာ ဗိုလ်လုပွဲမှာ မိနစ် ၉၀ ရောက်မှ လူစားဝင်ကစားခဲ့ပြီး အခုရာသီ ပြိုင်ပွဲစုံ ၁၅ ပွဲ ကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဂိုးနစ်ဇာဘဂျာအသင်းကတော့ ၁၉၈၇-၈၈ ရာသီမှာ ပိုလန်အမှတ်ပေးချန်ပီယံဖြစ်ခဲ့ပြီးကတည်းက မေဂျာဖလားနဲ့ ၃၈ နှစ်ကြာဝေးကွာမှုကို အဆုံးသတ်ခဲ့ပြီး အသင်းသမိုင်းမှာ ပိုလန်ဖလားကို ခုနစ်ကြိမ်မြောက် ဆွတ်ခူးခဲ့ပါတယ်။ (NVS 008)

04 May

ADVERTISE HERE .