“(၂၁)ကြိမ်မြောက်အဖြစ် စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ အင်တာမီလန်အသင်း”
04 May
အင်တာမီလန်အသင်းဟာ ပြိုင်ပွဲပြီးဆုံးဖို့ ၃ ပွဲအလိုမှာပဲ စီးရီးအေချန်ပီယံဆုကို (၂၁) ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။ အင်တာမီလန်အသင်းဟာ ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲစဉ်(၃၅)မှာ ပါးမားအသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိ ခဲ့တာကြောင့် ဒုတိယနေရာက လက်ရှိချန်ပီယံ နာပိုလီအသင်းကို ၁၂ မှတ်ဖြတ်ပြီး ပြိုင်ပွဲမပြီးဆုံးခင် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပါးမားအသင်းကနေ အင်တာမီလန်အသင်းကို ရောက်ရှိလာခဲ့တဲ့ နည်းပြ ချီဗူး က အသင်းဟောင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာပဲ ချန်ပီယံအဖြစ် အောင်ပွဲခံခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ အင်တာမီလန်ယူ-၂၀ အသင်းကို ကိုင်တွယ်ပြီး နည်းပြလောကထဲ စတင်ဝင်ရောက်ခဲ့တဲ့ ချီဗူး က အင်တာမီလန်အသင်းကို ပထမဆုံးကိုင်တွယ်တဲ့ ရာသီမှာပဲ စီးရီးအေချန်ပီယံဆု ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ ၂၀၂၃-၂၄ ရာသီမှာလည်း စီးရီးအေချန်ပီယံဆု ရရှိခဲ့တာကြောင့် ၃ ရာသီအတွင်း ချန်ပီယံဆု ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းရဲ့နောက် ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ (NVS 008)