“ပျဉ်းမနားမြို့နယ်မှာ မေလ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်”
04 May
နေပြည်တော်၊ ပျဥ်းမနားမြို့နယ်မှာ မေလ ၄ ရက်မှစ၍ မေလ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အုပ်စု(A)သည် မေလ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လယ် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိ၊ ညနေ ၅ နာရီမှ ည ၉ နာရီအထိ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပျဥ်းမနားမြို့ရုံးခွဲရုံ၊ ပေါင်းလောင်းတိုးချဲ့ခွဲရုံ၊ တောင်သာခွဲရုံ၊ ဂမုန်းတောင်ခွဲရုံတို့မှ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကာ ညွှန်ကြားမှုအရပြောင်းလဲမှုရှိပါက ထပ်မံအသိပေးကြေညာသွားမည် ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)
04 May